အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိ နှိုင်းရေးကော်မတီ(NSPNC) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မ တော်(SSPP/SSA) ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၆ ခုနှစ် ၊ ဇွန်လ ၊ (၁၂) ရက်နေ့တွင် နေပြည် တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ (SSPP/SSA) ဘက်မှ ဒုတိယဉက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦး ဆောင် သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး (NSPNC) ဘက်မှ ဉက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်နှင့် အတွင်း ရေးမှူးဒုဗိုလ် ချုပ်ကြီး မင်းနိုင် ဦးဆောင်သည့် ကိုယ် စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ် မတော် (SSPP/SSA) ဘက်မှ အောက်ပါ အချက် (၇) ချက်ကို တင်ပြ ဆွေးနွေးခဲ့ပါသည်။
(၁) နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသွားရန်။
(၂) တန်းတူရေးကိုအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အ ခြေခံသည့် ပြည်ထောင်စု ပေါ် ထွန်းလာရေးကို ဦးတည်ဆောင် ရွက်လျက်ရှိကြောင်း။
(၃) ယခင်ကာလများ၌ ယုံကြည်မှုထိခိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့မှုအပေါ် သင်ခန်းစာယူပြီး ထပ်မံမဖြစ်ပွားအောင် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ နှစ်ဖက်တပ်များအကြား အငြင်းပွားဖွယ် ရာကိစ္စရပ်များ ဖြစ်ပွားလာပါက တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ပြေ လည်အောင် ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
(၄) လက်ရှိကာလတွင်လည်း တပ် မတော်နှင့်ထိတွေ့မှုမရှိသလို ၊ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုများလည်း မရှိကြောင်း။
(၅) မိမိတို့ ထိန်းချုပ်နယ်မြေအ တွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ၊ မှုးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
(၆) ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် လိုအပ်လျက်ရှိသော လမ်း ပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် ကတ္တရာလမ်းခင်းခြင်း ၊ ပညာရေးကဏ္ဍတွင်လည်း လို အပ်လျက်ရှိသော စာသင်ဆောင်များ ၊ ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် သင်ကြားရေးဝန် ထမ်းဖြစ်သော ဆရာ ၊ ဆရာမများ တိုးမြှင့်ခန့်ထားပေးရန်။
(၇) SSPP ထိန်းချုပ်နယ်မြေအ တွင်းရှိ ဒေသခံပြည်သူများ အ သုံးပြုရန်အတွက် လိုအပ်သောစက်သုံးဆီများကို အချိန်နှင့်တပြေးညီ သယ်ဆောင်ခွင့်ပြုရန်။
ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မ တီ (NSPNC) ဘက်မှ အောက်ပါ အချက်(၆) ချက်အတိုင်း ပြန် လည်ရှင်းလင်း ဆွေးနွေးခဲ့ခြင်းဖြစ် သည်။
(၁) ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို စာရင်းဇယားများပြုစုပြီး (NSPNC) ထံပေးပို့ရန်နှင့် သက်ဆိုင်ရာသို့် တင်ပြညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
(၂) အွန်လိုင်းလိမ်လည်မှုနှင့် မှုး ယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ် ငန်းများအတွက် ဒေသရှိအစိုးရ တာ ဝန်ရှိသူများနှင့် ပူး ပေါင်းဆောင်ရွက်ပြီး အလေး ထားဆောင်ရွက်သွားရန် လိုပါကြောင်း ။
(၃) ဒေသတည်ငြိမ်ရေး ၊ ဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်းဆောင် ရွက်ပြီး နောက်တစ်ဆင့် တက်လှမ်း၍ ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေးတည် ဆောက်သွားရန် လိုအပ်ကြောင်း။
(၄) လက်ရှိရရှိထားသည့် ငြိမ်း ချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရန် ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် အခြားလက်နက်ကိုင်အဖွဲ့များနှင့် ပူး ပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး နှစ်ဖက်ထိန်းသိမ်းဆောင်ရွက်သွားရန်။
(၅) ပြည်နယ်အဆင့် ၊ ပြည်ထောင် စုအဆင့် သ ဘောတူညီချက် (Bilateral Agreements) များအား လေးစားအသိမှတ်ပြုပြီး ပူးပေါင်းအကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်။
(၆) နောက်တစ်ကြိမ် တွေ့ဆုံဆွေး နွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် လ နောက်ဆုံးပတ်အတွင်း နေ ပြည်တော်၌ ကျင်းပ ပြုလုပ်သွားရန် လျာထားကြောင်း။
စသည့် အထက်ပါ အကြောင်းအ ရာများနှင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။




